ဒုတိယ ကမ္ဘာစစ်အတွင်း ပြုမိခဲ့တာတွေအတွက် ဂျာမနီသမ္မတက ပိုလန်နိုင်ငံကို တောင်းပန်

ဂျာမနီ သမ္မတ Frank-Walter Steinmeier က ဒုတိယ ကမ္ဘာစစ်အတွင်း ဂျာမနီဖက်က ပြုမိခဲ့တဲ့ ရက်စက်ယုတ်မာမှုတွေအတွက် ပိုလန်နိုင်ငံကို တောင်းပန်လိုက်ပါတယ်။

German President Frank-Walter Steinmeier speaks at the commemoration ceremony of the 80th anniversary of the start of World War II.

German President Frank-Walter Steinmeier speaks at the commemoration ceremony of the 80th anniversary of the start of World War II. Source: AP

၁၉ ၃၉  ခုနှစ်တုန်းက ဂျာမနီရဲ့လေတပ်  Luftwaffe ကနေ ပထမဦးဆုံး ဗုံးကျဲမှုလုပ်ခဲ့တဲ့ ပိုလန်နိုင်ငံ Wielun မြို့မှာ မိန့်ခွန်းပြောကြားတုန်း ဂျာမနီ  သမ္မတ Frank-Walter Steinmeier က ပိုလန်အနေနဲ့ ဂျာမနီရဲ့ အမှားတွေကို ခွင့်လွတ်ပေးဖို့ တောင်းပန်လိုက်တာ ဖြစ်ပါတယ်။ 

ဒုတိယ ကမ္ဘာစစ် စတင်ဖြစ်ပေါ်တဲ့ နှစ် ၈၀ ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ပြုလုပ်နေတုန်း ပြောသွားခဲ့တာပါ။ 

Wielun မြို့ ဗုံးကျဲမှုအတွင်း နစ်နာခဲ့ရသူတွေ၊ ဂျာမနီရဲ့ ရက်စက်ယုတ်မာမှုတွေကို ခံခဲ့ရတဲ့ လူတွေကို အသိအမှတ်ပြုသလို ဂျာမနီကို ခွင့်လွတ်ကြဖို့ ဂျာမနီဘာသာစကားအပြင် ပိုလန်ဘာသာစကားနဲ့လည်း ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
ece4f5a3-3b69-45ac-a596-f646c81b6806
German President Frank-Walter Steinmeier, right, and Polish President Andrzej Duda, left, attend ceremony marking the 80th anniversary of World War II.
AP

အဲဒီအခမ်းအနားကို ပိုလန်နိုင်ငံ သမ္မတ  Andrzej Duda လည်း တက်ရောက်ပြီး ဗုံးကျဲမှု ဖြစ်ပွားခဲ့တဲ့ ၁၉ ၃၉  ခုနှစ် စက်တင်ဘာလ ၁ ရက် မနက် ၄.၄၀ ကို အစွဲပြုပြီး မနက် ၄ နာရီ မိနစ် ၄၀ မှာ အခမ်းအနားကို စတင်ခဲ့ကြတာ ဖြစ်ပါတယ်။ 

 

READ MORE
1x1




 

အဲဒီအချိန်တုန်းက ဂျာမနီ လေတပ်တွေဟာ အိပ်မောကျပြီး ကိုယ့်ကိုကိုယ် ခုခံမဲ့နေကြတဲ့ ပိုလန်မြို့ပေါ်ကို ဗုံးကျဲခဲ့လို့ လူပေါင်း ၁၂၀၀ သေဆုံးခဲ့ရပါတယ်။ အဲဒီမြို့ဟာ စစ်ရေးအရ ကြည့်ရင် သိပ်ပြီး အရေးမပါလှတဲ့ မြို့လည်း ဖြစ်ခဲ့ပါတယ်။
c77d9a47-af86-4c27-a7a3-4013e3e0348e
Spectators hold candles in their hands at the memorial service during ceremony marking 80th anniversary of World War II.
AP

ပထဆုံးဗုံးက ကြက်ခြေနီတံဆိပ်အမှတ်အသားလုပ်ထားတဲ့ အဲဒီမြို့ရဲ့ ဆေးရုံကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်း မြို့ တခုလုံးရဲ့ ၇၅% ပျက်စီးသွားခဲ့ရပါတယ်။ 

Wielun မြို့ တိုက်ခိုက်မှုဟာ ဒုတိယ ကမ္ဘာစစ် စတင်လိုက်ခြင်းပဲ ဖြစ်ပြီး ပိုလန်နိုင်ငံသား ၆ သန်း သေဆုံးခဲ့ရပြီး အဲဒီအထဲမှာ ပိုလန်နိုင်ငံက ဂျူးလူမျိုး ၃ သန်း ပါဝင်ခဲ့ပါတယ်။ 

 


SOURCE AAP - SBS

Share
1 min read
Published 1 September 2019 3:47pm
Updated 1 September 2019 4:23pm

Share this with family and friends