ပဋိပက္ခတွေကြားက ရှာဖွေနေရဆဲ ပညာရပ်ဝန်း

IDP MWD.jpg

ဓါတ်ပုံ - လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှာင်နေရသော မြဝတီဒေသခံများ(သံလွင်ခက်)

မိုးရာသီအစ ဇွန်လရောက်ရင် မြန်မာကလေးငယ်တွေ စာသင်ခန်းဆီ အရောက်သွားဖို့ ခြေလှမ်းပြင်လေ့ရှိကြပါတယ်။


တူညီဝတ်စုံတွေ၊ မိုးကာ၊ ထီးတွေကိုယ်စီနဲ့ မိဘတွေရော၊ ကလေးတွေပါ နှစ်တစ်နှစ်ရဲ့ စာသင်နှစ်ကို အမှီသွားကြချိန်ပါ။

နိုင်ငံရဲ့ ပဋိပက္ခတွေနဲ့ ဖြတ်သန်းနေရတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအချိန်ကာလမှာတော့ စာသင်ခန်းတွေဆီ အရောက်သွားဖို့မှာတော့ အခက်တွေများစွာရှိနေကြပါတယ်။


Share